What is M&E in Construction?

Construction projects များတွင် M&E သည်အရေးကြီးသော အခန်းကဏ္ဍထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ M&E ဆိုသည်မှာ Mechanical System နှင့် Electrical System နှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ နေအိမ်၊ စက်ရုံ၊ အလုပ်ရုံ အဆောက်အဦးများ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ စက်မှုနှင့် လျှပ်စစ်ဆိုင်ရာစနစ်တွေကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အဆောက်အဦးတစ်ခုကို ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာများနှင့် ဗိသုကာပညာရှင်တွေက Building Design နှင့် Decoration အပိုင်းတွေကိုတာဝန်ယူရသလို အဆောက်အဦး၏ အရေးကြီးအစိတ်အပိုင်းများဖြစ်သည့် စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ၊ ရေသန့်နဲ့ရေဆိုး၊ Aircon System နှင့် မီးသတ်စနစ် အစရှိတဲ့စနစ်များကိုလဲ ထည့်သွင်းတပ်ဆင်ဆောင်ရွက်ပေးရပါသည်။ နေအိမ်၊ အဆောက်အဦးတွေအတွက် M&E ရဲ့တာဝန်နဲ့ အရေးပါတဲ့ အချက်အလက်တွေကအသေးစိတ်ရှင်းပြပေးထားပါသည်။

Air-Condition & Mechanical Ventilation System (ACMV)

လူတွေရဲ့ နေ့စဉ် အချိန်တော်တော်များများ နေအိမ်၊ အဆောက်အဦးအတွင်းမှာပဲ ကုန်ဆုံးကြတာဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုမှာ နေထိုင်တဲ့လူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေကောင်းလေသန့်ရရှိဖို့ စက်ပစ္စည်းအကူအညီ (သို့) သဘာဝကို စနစ်တကျ ထည့်သွင်းဖွဲ့စည်းထားတဲ့ စနစ်တွေရှိဖို့ လိုအပ်ပါတယ်။

Air-Condition System

AC မှာ အခန်းအတွင်းရှိ အပူချိန်ကို သက်တောင့်သက်သာဖြစ်စေဖို့ လိုအပ်သလို အပူချိန်ကို အလိုအလျောက်ထိန်းညှိပေးခြင်း၊ လေထဲမှာ အမှုန်အမွှားတွေကို ထိန်းညှိပေးခြင်းနှင့် လိုအပ်သလိုလေကို သန့်စင်ပိုးသတ်ပေးခြင်းစတဲ့စနစ်တွေပါဝင်ပါတယ်။

Mechanical Ventilation System

MVမှာတော့ နှစ်မျိုးခွဲခြားထားပါတယ်။ အဆော်ကအဦးတစ်ခုရဲ့ လေဝင်လေထွက်ကောင်းမွန်စေရေးနှင့် အနံ့ဆိုးတွေစစ်ထုတ်ပီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ လေကောင်းလေသန့်ရရှိအောင် စက်ပစ္စည်းအကူအညီတွေမပါဘဲ စနစ်တကျစီစဉ်ထည့်သွင်းထားခြင်းကို Nerutral Ventilation System လို့ခေါ်ပါတယ်။ Underground Car Park လိုသဘာဝလေ ရောက်ရှိရန်ခက်ခဲတဲ့နေရာတွေကို Exhaust Fan (သို့) Brower စက်ပစ္စည်း အကူအညီတွေနဲ့ လေကောင်းလေသန့်ရရှိစေခြင်းကို MV System လို့ခေါ်ပါတယ်။

Copyright © 2021 Total Bots M&E Engineering. All Rights Reserved.

Created By Digital Dots