What is M&E in Construction?

Construction projects များတွင် M&E သည်အရေးကြီးသော အခန်းကဏ္ဍထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ M&E ဆိုသည်မှာ Mechanical System နှင့် Electrical System နှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ နေအိမ်၊ စက်ရုံ၊ အလုပ်ရုံ အဆောက်အဦးများ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ စက်မှုနှင့် လျှပ်စစ်ဆိုင်ရာစနစ်တွေကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အဆောက်အဦးတစ်ခုကို ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာများနှင့် ဗိသုကာပညာရှင်တွေက Building Design နှင့် Decoration အပိုင်းတွေကိုတာဝန်ယူရသလို အဆောက်အဦး၏ အရေးကြီးအစိတ်အပိုင်းများဖြစ်သည့် စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ၊ ရေသန့်နဲ့ရေဆိုး၊ Aircon System နှင့် မီးသတ်စနစ် အစရှိတဲ့စနစ်များကိုလဲ ထည့်သွင်းတပ်ဆင်ဆောင်ရွက်ပေးရပါသည်။ နေအိမ်၊ အဆောက်အဦးတွေအတွက် M&E ရဲ့တာဝန်နဲ့ အရေးပါတဲ့ အချက်အလက်တွေကအသေးစိတ်ရှင်းပြပေးထားပါသည်။

Electrical

လျှပ်စစ်စွမ်းအားဟာ ကျွန်တော်တို့လူသားတွေ ဘဝရဲ့မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ နေထိုင်ရာ နေအိမ်၊ အဆောက်အဦးတွေကို ခေတ်နဲ့အညီတည်ဆောက်ကြတဲ့အခါ လျှပ်စစ်စွမ်းအားကို ဘယ်လိုအကျိုးရှိရှိစနစ်တကျ အသုံးချမလဲဆိုတဲ့အချက်ဟာ အရေးကြီးလှပါတယ်။

ELV ( Extra Low Voltage )

တိုးတက်လာသောခေတ်နှင့်အညီ နေအိမ်၊ ရုံးခန်းအဆောက်အဦးတွေမှာ Internet Networking System ဟာလဲမရှိမဖြစ်လိုအပ်လာပါပြီ။ နေအိမ်၊ ရုံးခန်းများမှာ အင်တာနက်အသုံးပြုနိုင်ဖို့ Local Network System နဲ့ Wireless Network System များကို စနစ်တကျတပ်ဆင်ပေးခြင်းများဆောင်ရွက်ပေးပါတယ်။ တိုက်ခန်း၊ ဟိုတယ်များ၊ ကျောင်းများနှင့် အခြား Multi အဆောက်အဦးများမှာ ရုပ်သံစနစ် ( MATV
System ) နှင့်အသံစနစ် ( PA System ) များကို ဖြန့်ဝေသောနည်းလမ်းများကို ဆောင်ရွက်ပေးပါတယ်။

လူကြီးမင်းတို့ နေအိမ်၊ ရုံးခန်း၊ အဆောက်အဦးများတွင် လုံခြုံရေးအတွက်အချိန်ပြည့်စောင့်ကြည့်ပေးသည့် လုံခြုံရေးကင်မရာ ( CCTV System ) များကိုလည်း စိတ်တိုင်းကျတပ်ဆင်ဆောင်ရွက်ပေးနေပါတယ်။

Copyright © 2021 Total Bots M&E Engineering. All Rights Reserved.

Created By Digital Dots