
အဆောက်အဦးတွေအတွက် M&E System များထည့်သွင်း တည်ဆောက်သည့်နေရာတွင် Fire Protection & Fighting System သည်မပါမဖြစ် ပါဝင်နေပါတယ်။ အဆောက်အဦးအတွင်းနေထိုင်သူများ၊ မီးဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ရခြင်း၊ အသက်ဆုံးရှုံးရခြင်း၊ ပစ္စည်းဥစ္စာများဆုံးရှုံးရခြင်းစသည့် အန္တရယ်များကို အတတ်နိုင်ဆုံးကြိုတင်ကာကွယ်ထားရန်လိုအပ်ပါတယ်။
အဆောက်အဦးတွင်း တစ်နေရာရာတွင် မီးစတင်လောင်ကျွမ်းပါက နေထိုင်သူများ အချိန်မီသိပြီး လိုအပ်သောလုပ်ဆောင်မှုများဆောင်ရွက်နိုင်ရန်ကြိုတင်အသိပေးသော Fire Alarm System များ၊ အလိုအလျောက်မီးငြိမ်းသတ်ပေးနိုင်သော Fire Sprinkler System များ၊ အဆောက်အဦးအတွင်း နေထိုင်သူများမှ ကိုယ်တိုင်အသုံးပြု ငြိမ်းနိုင်တဲ့ Fire Extinguisher နှင့် Fire Hosereel System များ၊ Firemen များသာ အသုံးပြု မီးငြိမ်းသတ်နိုင်တဲ့
Wet Riser (သို့) Dry Riser System များနှင့် Fire Hydrant System များကို International Standard နှင့်အညီ အဆောက်အဦးနှင့်သင့်လျော်တဲ့ Design များကိုပြုလုပ်ပေးပြီး လူကြီးမင်းတို့၏ဘဝလုံခြုံရေးအတွက် စိတ်တိုင်းကျတာဝန်ယူဆောင်ရွက်ပေးနေပါတယ်။