What is M&E in Construction?

Construction projects များတွင် M&E သည်အရေးကြီးသော အခန်းကဏ္ဍထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ M&E ဆိုသည်မှာ Mechanical System နှင့် Electrical System နှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ နေအိမ်၊ စက်ရုံ၊ အလုပ်ရုံ အဆောက်အဦးများ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ စက်မှုနှင့် လျှပ်စစ်ဆိုင်ရာစနစ်တွေကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အဆောက်အဦးတစ်ခုကို ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာများနှင့် ဗိသုကာပညာရှင်တွေက Building Design နှင့် Decoration အပိုင်းတွေကိုတာဝန်ယူရသလို အဆောက်အဦး၏ အရေးကြီးအစိတ်အပိုင်းများဖြစ်သည့် စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ၊ ရေသန့်နဲ့ရေဆိုး၊ Aircon System နှင့် မီးသတ်စနစ် အစရှိတဲ့စနစ်များကိုလဲ ထည့်သွင်းတပ်ဆင်ဆောင်ရွက်ပေးရပါသည်။ နေအိမ်၊ အဆောက်အဦးတွေအတွက် M&E ရဲ့တာဝန်နဲ့ အရေးပါတဲ့ အချက်အလက်တွေကအသေးစိတ်ရှင်းပြပေးထားပါသည်။  

Electrical

လျှပ်စစ်စွမ်းအားဟာ ကျွန်တော်တို့လူသားတွေ ဘဝရဲ့မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ နေထိုင်ရာ နေအိမ်၊ အဆောက်အဦးတွေကို ခေတ်နဲ့အညီတည်ဆောက်ကြတဲ့အခါ လျှပ်စစ်စွမ်းအားကို ဘယ်လိုအကျိုးရှိရှိစနစ်တကျ အသုံးချမလဲဆိုတဲ့အချက်ဟာ အရေးကြီးလှပါတယ်။

Lightning Protection System

အထပ်မြင့်အဆောက်အဦး၊ နေအိမ်တွေတည်ဆောက်တဲ့အခါ မဖြစ်မနေထည့်သွင်းထားရတဲ့ မိုးကြိုးလွှဲစနစ်ဖြစ်ပါတယ်။ မိုးကြိုးလွှဲစနစ်ဆိုတာ မိုးကြိုးလျှပ်စစ်စီးကြောင်းကို အဆောက်အဦးထဲရှိလူတွေဆီ မရောက်ဘဲ အန္တရာယ်ကင်းကင်းနဲ့ မြေကြီးထဲစီးဝင်သွားအောင် တပ်ဆင်ခြင်းဖြစ်ပါတယ်။

Copyright © 2021 Total Bots M&E Engineering. All Rights Reserved.

Created By Digital Dots